ညောင်ဦး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ညောင်ဦးမြို့နယ် လမ်းဘေးဝဲ/ယာစိုက်ပျိုးထားရှိသည့် အရိပ်ရအပင်များစိုက် ပျိုးရှင်သန်နေမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာ၊ အရှေ့ဖွားစောကျေးရွာနှင့် မင်းနန်သူကျေးရွာ အဝင်လမ်းနှင့် ယာစည်းရိုးတို့တွင် စိုက်ပျိုးထားသည့် ထန်း၊ မကျည်း၊ တမာ၊ ကုက္ကိုပင်များ စိုက်ပျိုးထားရှိ ရှင်သန်နေမှုတို့အား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အတူ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ မြေစာရင်းဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများဖြင့် စိုက်ပျိုးထားသည့် လမ်းဘေးဝဲ/ယာအရိမ်ရသစ်ပင်များ ရှင်သန်မှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း