မြစ်ကြီးနား စက်တင်ဘာ ၁၃
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၃)ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြိုင်ပွဲ ဒုတိယနေ့ ကျင်းပပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဝါသနာရှင် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက ပြိုင်ပွဲဒုတိယနေ့အဖြစ် မြို့နယ်များအလိုက် ဝါသနာရှင် ဒုတိယတန်း အမျိုးသမီးအက ပြိုင်ပွဲ၊ အခြေခံပညာအဆင့် အသက် (၁၀)နှစ်မှ (၁၅)နှစ် အမျိုးသား တယောအတီးပြိုင်ပွဲ၊ အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အောက် အမျိုးသမီး မဟာဂီတအဆို ပြိုင်ပွဲများ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲ ဒုတိယနေ့ကို မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူ မြို့နယ်တို့မှ ပြိုင်ပွဲဝင်များက ပြိုင်ပွဲအမျိုးအစားအလိုက်၊ အသက်အုပ်စုအလိုက်၊ ဘာသာရပ်အလိုက် အဆို၊ အက၊ အတီးတို့တွင် ပြိုင်ပွဲဝင်ဦးရေ (၅၉)ဦးတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒိုင်အဖွဲ့ဝင်များက အကဲဖြတ် အမှတ်ပေးခြင်းဖြင့် ကျင်းပလျက်ရှိသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက် ၉ နာရီက (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကချင်ပြည်နယ်အတွင်းရှိ ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ကြေးငွေများပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနား မြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြုရရှိသော ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ ကိုယ့်အားကိုယ်ကိုး မူလ တန်းကြိုကျောင်းများအား နိုင်ငံတော်ကိုယ်စား နှစ်စဉ်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း စေတနာ့ဝန်ထမ်း ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများနှင့် ကလေးသူငယ်များအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးရေးနှင့် ဖွံ့ဖြိုးရေးစနစ်အတိုင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်ပေးနေသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ တာဝန်ခံများအား ယခုထောက်ပံ့ပေးခြင်းအပေါ် အတိုင်းမသိဝမ်းသာမိပါကြောင်း ပြောကြားသည်။
ထို့နောက် ထောက်ပံ့ကြေးငွေများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့ ၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်တစ်ဝှမ်းလုံးရှိ ပရဟိတဂေဟာများနှင့် ဗန်းမော်ခရိုင်၊ ပူတာအို ခရိုင်တို့ရှိ ဘိုးဘွားရိပ်သာ(၂)ခု စုစုပေါင်း (၁၈)တို့အတွက် ငွေကျပ် (၁၂၁၈၅၇၀၀၀)၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၆၄)ကျောင်းအတွက် ငွေကျပ် (၆၁၄၄၀၀၀၀)တို့ဖြင့် စုစုပေါင်းထောက်ပံ့ ကြေးငွေကျပ် (၁၈၃၂၉၇၀၀၀)ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ပရဟိတဂေဟာများကိုယ်စား မြစ်ကြီးနား မျက်မမြင်ကျောင်းအုပ် ဦးလမုန်ဂမ်ဖန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ(KRSC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ပြီး ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က KRSC ကောင်စီအဖွဲ့ဝင်များအနေဖြင့် Road Safety ကို ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင် ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ခရိုင်/မြို့နယ် RSC အဖွဲ့များကို ဖွဲ့စည်းရာတွင် ကျန်ရှိနေသည့် အဖွဲ့များ ရှိပါက သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများက ဝိုင်းဝန်အကြံပြု ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုချင်းအလိုက် ချမှတ်ထားသည့်လုပ်ငန်းများ အောင်မြင် စွာ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကို ယာဉ်တိုက်ခိုက်မှုဆိုင်ရာ အညွှန်းကိန်းများဖြင့် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (NRCS)က စောင့်ကြည့်တိုင်းတာနေမည်ဖြစ်သည့် အတွက် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကို စနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် KRSC ဒုတိယ ဥက္ကဋ္ဌ၊ အသိပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ KRSC စီမံခန့်ခွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးတို့က ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ အပေါ်စီမံခန့်ခွဲ၍ စနစ်တကျ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ KRSC အတွင်းရေး မှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးမင်းက KRSC ဖွဲ့စည်းပုံနှင့် ဆောင်ရွက်ချက်များ၊ NRSC ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ၊ အစီအမံများ ဖော်ဆောင်နိုင်ရန်နှင့် ထိရောက် သည့် ပံ့ပိုးမှုများဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး သုတေသနပြုရေးနှင့် ကျန်း မာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတာဝန်ရှိသူများ၊ အဖွဲ့ဝင်များက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးသပ်အကြုံပြုဆွေးနွေးတင်ပြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အသိပညာပေးရေးလုပ်ငန်းများ ကျယ် ကျယ်ပြန့်ပြန့် ဦးစားပေးဆောင်ရွက်နိုင်ရေး၊ စစ်ဆေးအရေးယူဆောင်ရွက်ခြင်းများနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး လမ်းအမှတ်အသား၊ အသိပေးဆိုင်းဘုတ်များကို ပြုပြင်တပ်ဆင် အသိပေးနိုင်ရေး စသည့်လုပ်ငန်းစီမံကိန်းများကို စနစ်တကျ တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)