ချောင်းဆုံ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများ ဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပလိုင်ဝမ် (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန တာဝန်ရှိသူများမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများအကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး စသည့်နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)