ကျိုက်ထို စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ပြီး ပြောင်းရွှေ့နေရာချထားပေးသည့် ရေဘေးသင့်ပြည်သူ (၅၃၉) ဦးအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်း၊ (ခေတ္တ) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းဇော်ဦး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းသီတာ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့တို့မှ လူတစ်ဦးလျှင် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၁၀ဝိ/-) နှုန်းဖြင့် ကယ်ဆယ်ရေးစခန်း (၂) ခုမှ ရေဘေးသင့်ပြည်သူ လူဦးရေ (၅၃၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၁၃၁၉ဝဝိ/-) အား ရေဘေးသင့်ကယ်ဆယ်ရေးစခန်း (၂) ခုသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)