မုဒုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်

မုဒုံ စက်တင်ဘာ ၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးချမ်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ခရိုင်/မြို့နယ် (မွေး/ကု)ဌာနမှ တာဝန်ရှိသူများက သားစပ်ခြင်းဆိုင်ရာနည်းလမ်းများ၊ မေထုန်မဲ့သားစပ်လုပ်ငန်းသမိုင်း၊ တိရစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း၊ မျိုးပွားမှုဆိုင်ရာရောဂါများ စသည့်အကြောင်းအရာများကို မြို့ပေါ်/ကျေးရွာများရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ သင်တန်းသား (၁၀) ဦးအား ငါးရက်ကြာဖြင့် စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)