ဒဂုံမြောက် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားကတ်များကို ယမန်နေ့က အမှတ်(၄၁)တိုးချဲ့ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဦးမြင့်ဇော်နှင့် မြို့နယ်လဝကမှူး ဦးမြင့်ဇော်တို့မှ(၄၁)တိုးချဲ့ဓမ္မာရုံ၌ ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁) ကတ်အား ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ပေးခြင်း ဖြစ်သည်။
အဆိုပါ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇) ရပ်ကွက်သို့ အလှည့်ကျကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်များအား လက်ဝယ်အရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)