တောင်ဥက္ကလာပ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းပေးရာတွင် သုတ၊ ရသ စာအုပ်ပေါင်း(၄၀)အုပ်ကို ငှားရမ်းပေးခဲ့ကြောင်းနှင့် ဝန်ထမ်းများ စာဖတ်အလေ့အထရှိစေရန်၊ စာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ နေ့ရက်အလိုက် အလှည့်ကျသွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)