နေပြည်တော် စက်တင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ(ခရိုင်အဆင့်) အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် - ၁၄ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူး ဒေါ်ဝင်းဝင်းအေးက KG + 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် လာမည့်ရွေးကောက်ပွဲတွင် ပထမအကြိမ် ဆန္ဒမဲပေးကြမည့် လူငယ်မဲဆန္ဒရှင်များအုပ်စုတွင် အကျုံးဝင်နေသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ ဗဟုသုတများရရှိစေရန်တွက် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပျဉ်းမနားခရိုင်ဥပဒေရုံး၊ ဒုတိယဥပဒေအရာရှိ ဒေါ်သီရိအောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မော်မော်အောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများအကြောင်းအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပျဥ်းမနားခရိုင်ပညာရေးမှူးရုံးမှ အမှုထမ်း၊ အရာထမ်းများ၊ ပျဉ်းမနားခရိုင်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ၊ ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)