နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ပုဗ္ဗသီရိမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဆင်သေချောင်းဘေး အနိမ့်ပိုင်းတွင်နေထိုင်ကြသော ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ကင်းရာနေရာများသို့ရွှေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်သေချောင်းဘေးရှိ အေးမြင့်သာယာကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ရှားဘိုကျေးရွာ၊ သပြေပင်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ချောင်းစောက်ကျေးရွာနှင့် အေးသာယာကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကြီးကြပ်၍ ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများ၌ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)