ကော့မှူးတွင် စားသုံးရန်မသင့်သောအစားအသောက်များ ရောင်းချမှုမရှိစေရေးကွင်းဆင်း စစ်ဆေး

ကော့မှူး စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် စားသုံးရန်မသင့်သောပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုရှိမရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်က ကော့မှူးမြို့နယ်မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များ၊ ကုန်စိမ်းဆိုင်များတွင် လိုက်လံစစ်ဆေးနေကြကြောင်း သိရသည်။

မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအားလိုက်လံစစ်ဆေးဆောင်ရွက်ရာတွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့မဈေးကြီးအတွင်းအပြင်ရှိကုန်စုံဆိုင်များ၊ ကုန်စိမ်းဆိုင်များ၌ ရောင်းချသော ပဲသွေးနှင့်စိမ်းစားငပိများတွင် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော Formalin ပါရှိသောပဲသွေးများ၊ Rhodamine B ပါသောစိမ်းစားငပိများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုရှိမရှိတို့ကို လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)