ဒဂုံမြို့နယ်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဒဂုံ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမီတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက် ၁၁:၀၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ သဘာပတိဒေါ်ခင်စောဦးမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသင်းမှ သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကာလအတွက် အသင်းစာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကိုဖတ်ကြားပြီး တက်ရောက်လာသော အသင်း၀င်(၃၀)ဦးအား တစ်ဦးလျှင်အစုပေါ်အမြတ်ငွေများနှင့် မြေပဲဆီသန့်တစ်ပိသာစီ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)