တပ်ကုန်း စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ကျေးရွာချင်းဆက်တံတားများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမိုးရွာသွန်းမှုကြောင့် ရှားတောကျေးရွာနှင့် ညောင်ပင်သာကျေးရွာသို့ ဆက်သွယ်ထားသော အကျယ် ၁၄ ပေ၊ အလျား ၂၀၀ ပေရှိ ရေကျော်ကွန်ကရစ်တံတားတွင် ညောင်ပင်သာဘက်ခြမ်း အလျား ပေ ၅၀ ခန့် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း၊ သပြေချောင်းကျေးရွာနှင့် ရွှေမြို့ကျေးရွာသို့ ဆက်သွယ်ထားသော စိန်ရွှေတံတား အကျယ် ၁၂ ပေခန့်၊ အရှည် ၁၂၀ ပေခန့်ရှိ သံဘောင်သစ်သားတံတားတွင်လည်း ပျက်စီးမှုရှိကြောင်း သိရှိရသည်။
တင်စိုးလွင်