အလုံ စက်တင်ဘာလ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ အလုံမြို့နယ်ကွင်း ကျောင်းပရိယတ္တိစာသင်တိုက်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှတိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးမှ "တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများ" ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စာသင်သားသံဃာနှင့်ကိုရင်များအား တိုင်းရင်းဆေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ စာသင်သားသံဃာနှင့် ကိုရင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပေးရာသို့ အလုံမြို့နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၂) ဦးအောင်စိုးနှင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနကြီးကြပ်ကော်မတီမှအဖွဲ့၀င် စောရန်ပိုင်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်တို့ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)