ဒဂုံမြောက် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမှတ်(၁၈) အခြေခံပညာမူတန်းကျောင်းနှင့် အမှတ်(၁၉) အခြေခံပညာမူတန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဒေါက်တာမိုးခန့်သက်၊ ဆရာမဒေါ်ဉမ္မာလွင်၊ ဒေါ်နန်းယဒ်၊ ဒေါ်ကြည်လဲ့လဲ့ဝင်းနှင့် ဦးဆန်းထွဋ်ဝင်းတို့က ကျောင်းသားကျောင်းသူများ၊ ကလေးငယ်များအား ကလေးအာဟာရနှင့်ပတ်သက်၍အသိပညာပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ သွားသန့်ရှင်းမှုပညာပေးခြင်းနှင့် လက်ကိုစနစ်တကျဆေးနည်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)