ပုဗ္ဗသီရိ စက်တင်ဘာ ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စုနှင့် ဘဲကုန်းကျေးရွာအုပ်စုများမှ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဥပ္ပါတသန္တိဘုရားကြီးရှိ အရှေ့ဘက်ဓမ္မာရုံတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး၊ အလှူရှင်များမှ လှူဒါန်းသည့်ထောက်ပံ့ပစ္စည်းများအား ရေဘေးသင့်ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများက လက်ခံရယူခဲ့ကြောင်းသိရပြီး၊ ဥပ္ပါတသန္တိဘုရားကြီးရှိ အရှေ့ဘက်ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့ရောက်ရှိနေကြသည့် အေးမြင့်သာယာကျေးရွာအုပ်စုနှင့် ဘဲကုန်းကျေးရွာအုပ်စုများမှ ရေဘေးကြောင့် အခက်အခဲဖြစ်သည့် ပြည်သူများအား ခုတင် (၅၀) ဆံ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများမှလည်း ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)