တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်း (ဟောင်း) ပေါ်ရှိ အဆုံတံတားချဉ်းကပ်လမ်း ရေတိုက်စား

တပ်ကုန်း စက်တင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်းမှူကြောင့် နဝင်းချောင်းရေမြင့်တက်၍၊ ကင်းသာကျေးရွာ၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ နဝင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသောအရှည် ၁၉၀ ပေ၊ ၄ လမ်းသွားတံတားမှာ တံတားအရင်းရှိ ကွန်ကရစ်မြေသား(တံတားချဥ်းကပ်လမ်းမြေသား) ၄ ပေခန့် ရေစီးတိုက်စားသွားသဖြင့် ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်းလူ/ ယာဥ် သွားလာ၍ မရသည့်အတွက် တပ်ကုန်း-ပုဗ္ဗသီရိလမ်းမှ ယာဉ်များ သွားလာလျက်ရှိကြောင်း သိရှိရသည်။

တင့်တင့်ခိုင်