ပုဗ္ဗသီရိမြို့နယ်၌ မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာနှင့် ကျည်တောင်ကန်‌ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်

ပုဗ္ဗသီရိ စက်တင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းမှစ၍ ယနေ့ထိမိုးများ အဆက်မပြတ်ရွာသွန်းခြင်း‌ကြောင့် ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာနှင့် ကျည်တောင်ကန်‌ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဇီးကုန်းကျေးရွာနှင့် အောင်ပန်းကျေးရွာသည် ဆင်သေချောင်းအနီးတွင် တည်ရှိပြီး ယမန်နေ့ ညနေပိုင်းမှ ယခုအချိန်ထိ မိုးများအဆက်မပြတ် ရွာသွန်း‌နေခြင်းကြောင့် ရွာနှစ်ရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ ရေနစ်မြုပ်‌နေရာ ဇီးကုန်းကျေးရွာရှိ တိုက်သစ်ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွေ့လျက်ရှိပြီး၊ အောင်ပန်းကျေးရွာမှ လူ(၁၄)ဦးသည် သစ်ပင်များပေါ်တွင် ပိတ်မိနေရာကယ်ဆယ်ရေးပြုလုပ်ပေးလျက်ရှိကြောင်း ကျည်တောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၏ ‌ပြောကြားချက်အရ သိရသည်။

သန်းသန်းနွယ် (ပုဗ္ဗ)