ကျောက်ဆည် စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရရှိရပြီး အကြိုပြိုင်ပွဲများလည်း ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက တတိယနေ့အကြိုပြိုင်ပွဲအဖြစ် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ပုံပြင်ပြောပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ် အ.ထ.က သံရွာ Grade-7 မှ မကြယ်စင်လင်းလင်းထက်၊ မမြင့်မိုးသွယ်၊ အ.ထ.က ညောင်ရွှေ Grade-7 မှ မောင်ဘုန်းမြတ်မင်း၊ မချယ်ရီသိန်း၊ အ.ထ.က(ခွဲ)ဒွေးလှ Grade-7 မှ မကြယ်စင်ထွန်း၊ မဝဿန်မိုးမြင့်၊ အ.ထ.က-၃ Grade-7 မှ မရွှန်းလဲ့သော်တာခိုင်၊ Grade-9 မှ မနှင်းပွင့်အေး၊ အ.ထ.က-၂ Grade-6 မှ မမေစုမွန်၊ မဆုဖြိုးထက်၊ အ.ထ.က မြို့မ Grade 7 မှ မောင်ညီမင်းထက်၊ မမေသဇင်မိုးသည်း၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း Grade-7 မှ မသီရိပြည့်စုံ၊ Grade-9 မှ မပိုးမြတ်ဟေသီ၊ အ.ထ.က-၁ Grade-7 မှ မောင်ထက်ဖြိုးဝေ၊ မမြသီရိကို၊ မထက်ထက်ရှန်၊ အ.ထ.က မင်းစု Grade-9 မှ မနွေဟန်သာချို၊ မခင်ယမုံဦး၊ အ.ထ.က(ခွဲ)ရဲဘော်လေး Grade-7 မှ မလဝန်းပို၊ Grade-9 မှ မဂျူးဂျူးအောင်၊ အ.ထ.က-၄ Grade-8 မှ မနွေးနွေးဦး၊ မနှင်းအိဖြူ၊ မအိန္ဒြေမှူး၊ အ.ထ.က ကျောက်ဆောက်ကုန်း Grade-7 မှ မကောင်းမြတ်ဆု၊ Grade-9 မှ မမြသော်တာကြွယ်၊ Grade-6 မှ မယွန်းရွှေလွှာ၊ မူလွန်ကုလားကျောင်း Grade-6 မှ မသဲစုဖြိုး မစန္ဒာမင်း၊ Grade-7 မှ မောင်ဇင်မင်းလတ်၊ အ.ထ.က-၃ Grade-7 မှ မမိုးသဉ္ဇာဖြိုး၊ အ.လ.က အရှေ့ငယ်တိုး Grade-7 မှ မအင်ကြင်းစံ၊ မြစ်သားမြို့နယ် သံတော်ဦးကိုယ်ပိုင်အထက်တန်းကျောင်း Grade-7 မှ မခင်ရတီဖြိုး၊ Grade-8 မှ မဆန်းရတီမိုးမြင့်၊ မနှင်းအိမြင့်မိုရ်၊ Grade-6 မှ မသိမ့်နန္ဒာထက်၊ စဉ့်ကိုင်မြို့နယ် ရွှေပညာသစ်ကိုယ်ပိုင်အထက်တန်းကျောင်း Grade-9 မှ မရွှန်းပြည့်မောင်၊ မဆုလဲ့နဒီတို့က ဆရာကြီးမင်းသုဝဏ် ရေးသားထားသည့် ပုံပြင်များဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်သွားမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)