ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ အခြေခံပညာ စာသင်ကျောင်း စုစုပေါင်း (၈) ကျောင်း ယာယီပိတ်ထား

ဟိုပုံး စက်တင်ဘာ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ အခြေခံပညာစာသင်ကျောင်း စုစုပေါင်း (၈) ကျောင်း ယနေ့မှ စတင်ကာ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စက်တင်ဘာလ (၈) ရက်နေ့ ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ‌‌စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၁) နာရီအချိန်ခန့်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး အ.ထ.က (စငေါ)၊ အ.ထ.က (ကျောက္ကချား)၊ အ.လ.က (ဝမ်စောက်)၊ မူလွန်ကျောင်း (စံဖူး)၊ အ.မ.က (၁)၊ အ.မ.က (ဖာလွိုင်)၊ အ.မ.က (လိုက်ပေး)၊ အ.မ.က (နောင်ဆုံ) စသည့် အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၄) ကျောင်း၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း (၈) ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)