မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂ဝ၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၁

မိတ္ထီလာမြို့ လူထုမြို့လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာန၏ ၂ဝ၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့(World Ozone Day) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲမကျင်းပမီ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူ/ကျောင်းသား ပြိုင်ပွဲဝင် ၁၈ ဦးက “မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ရည်မှန်းချက် အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့်ဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင်ကျောင်းသူ/ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်မှုအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာတို့က ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသူ/ကျောင်းသားများအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပမည့်  ၂ဝ၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ