ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေစကားဝိုင်းနှင့် စာဖတ်ဝိုင်း ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေစကားဝိုင်းနှင့် စာဖတ်ဝိုင်းကို ယ‌မန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာပေစကားဝိုင်းနှင့် စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာ သန်းစိုးအောင်က မုဒိတာစကားပြောကြား ပြီးနောက် စာရေးဆရာ ဘုန်ဇော်မိုး - ဥဿာ ( စာပေစေတမန်)က မျိုးစေ့မှအပင် အပင်မှမျိုး‌စေ့ ဆောင်းပါးတွင်ပါရှိသည့် လူငယ်များသည် အနာဂတ်ပဲ့ကိုင်ရှင်များ ဖြစ်ကြောင်း၊ စာပေသုတရှာမှီးကြရန် လိုအပ်ကြောင်းနှင့်မြတ်ဗုဒ္ဓ၏ အဆုံးအမလမ်းညွှန် ၃၈ ဖြာ မင်္ဂလာတရားတော်ကို လေ့လာကျင့်သုံးသင့်‌ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ စိုင်းမြတ်သူက လွမ်းရတုစာစေ စာအုပ်ကို မိတ်ဆက်ရှင်းလင်းခဲ့ပြီး‌နောက် တက်ရောက်လာကြသည့် စာရေးဆရာကြီးများ ဖြစ်ကြသည့် ဆရာမင်းလပြည့်၊ ဆရာကိုရင်‌ကျော်၊ ဆရာမြတ်သာထွန်း၊ ဆရာစိုးဝင်း(ဆသရ)၊ ဆရာဟာမိုနီနှင့် ဆရာဦးလေးမောင်တို့က စာပေဆိုင်ရာ အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာသန်းစိုး‌အောင်နှင့် စာရေးဆရာကြီးများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့