ရမည်းသင်း စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့ အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန်အတွက် ကျောင်းသားလူငယ်များ၊ စာပေဝါသနာသရှင် ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား လူငယ်များစာပေဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး အပြန်အလှန် ဆွေးနွေးတတ်စေရန်တို့ကို ဆွေးနွေးပြောကြားကာ အားလပ် ချိန်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာပေကောင်းများ လာရောက်ဖတ်ရှုလေ့လာကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်ဝေသည့်၊ အတွဲ-၂၁၊ အမှတ်-၁၇၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁) ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်မှ စာရေး ဆရာ ကိုဘုန်း ရေးသားသည့် "စာတတ်မြောက်ခြင်းမှသည် နိုင်ငံဖွံ့ဖြိုးရေးဆီသို့"ဆောင်းပါးကို ကျောင်းသား၊ ကျောင်းသူများမှ ဖတ်ကြားပြီး Book Club အသင်း ဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာတို့မှ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ စာတတ်မြောက်ရေး၏ အရေးပါမှု၊ မြန်မာ နိုင်ငံ၏ စာတတ်မြောက်မှုသမိုင်း၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရှင်းလင်း ဆွေးနွေးရာ ကျောင်းသားလူငယ်များနှင့် စာပေဝါသနာရှင်များ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
ခရိုင် (ပြန်/ဆက်)