ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရမည်းသင်း စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ရမည်းသင်းခရိုင်အတွင်းရှိ ပျော်ဘွယ်မြိုနယ်နှင့် ရမည်းသင်းမြိုနယ်တို့မှ အခြေခံ ပညာအထက်တန်းကျောင်းများမှ  ကျောင်းသား/ကျောင်းသူ(၁၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်စိုး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိတ္ထီလာလာခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူများမှ အားပေးကြည့်ရှုကြပြီး ပြိုင်ပွဲဆုရရှိသူများအား စက်တင်ဘာ(၁၃)ရက်နေ့၌ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)