ချမ်းမြသာစည် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာပေစကားဝိုင်းနှင့် စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးဆရာ သန်းစိုးအောင်က မုဒိတာစကားပြောကြား ပြီးနောက် စာရေးဆရာ ဘုန်ဇော်မိုး-ဥဿာ (စာပေ စေတမန်)က မျိုးစေ့မှအပင် အပင်မှမျိုးစေ့ ဆောင်းပါးတွင်ပါရှိသည့် လူငယ်များသည် အနာဂတ် ပဲ့ကိုင်ရှင်များဖြစ်ကြောင်း၊ စာပေသုတရှာမှီးကြရန် လိုအပ်ကြောင်းနှင့်မြတ်ဗုဒ္ဓ၏ အဆုံးအမလမ်းညွှန် ၃၈ ဖြာ မင်္ဂလာတရားတော်ကိုလေ့လာ ကျင့်သုံးသင့်ကြောင်းစသည်တို့ကို ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာစိုင်းမြတ်သူက လွမ်းရတုစာစေ စာအုပ်ကို မိတ်ဆက် ရှင်းလင်းခဲ့ပြီးနောက် တက်ရောက်လာကြသည့် စာရေးဆရာကြီးများဖြစ်ကြသည့် မင်းလပြည့်၊ ကိုရင်ကျော်၊ မြတ်သာထွန်း ၊စိုးဝင်း(ဆသရ) ဆရာဦးလေးမောင်တို့က စာပေဆိုင်ရာ အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးနှင့် စာရေးဆရာကြီးများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့