မြစ်သား စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာအတွင်းရှိ ကွင်းအမှတ်(၄၈၆)၊ တောင်သူ ဦးမြင့်ဆွေ၏ တစ်ပိုင်တစ်နိုင် ရေမွှေးပန်းစိုက်ခင်းမှ တစ်နေ့လျှင် ပုံမှန်ဝင်ငွေ ၂၀၀၀ဝိ/- ရောင်းချရပြီး မိသားစုပုံမှန်ဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာမှ တောင်သူများအနေဖြင့် မြေအောက်ရေ/ဆည်ရေတို့ဖြင့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပြီး ယခုအခါ ရေမွှေးပန်းများစိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးကိုညက်နေအောင် ထွန်ယက်ပြီးဘောင်များပြုလုပ်ကာ တောင်မြောက်ကြိုးတန်းပြီး တစ်ပင်နှင့်တစ်ပင် (၁) ပေခြား၍ ပျိုးပင်တစ်ဘောင်လျှင် (၅၀၀ဝိ/-)ကျပ်ပေးဝယ်ယူကာ စိုက်ပျိုးရကြောင်း ထိုသို့ စိုက်ပျိုး ချိန်တွင် ရေသွင်းထားရှိရပြီး နောက်(၁၅)ရက်ကြာလျှင် ရေလျှော့ကာပေါင်းသင်၍ မြေဆီမြေသြဇာကိုလည်း အပြင်ကဝယ်ယူစရာမလိုပဲ မိမိတို့အိမ်အတွင်းရှိ မွေးမြူထားသည့် နွားချေး၊ မကျီးရွက် မြေဆွေးများဖြင့် ရောစပ်စိုက်ပျိုးကြကြောင်း၊ ရက် (၂၀)ခန့်ကြာသောအခါ အဖူးအပွင့်ကလေးတွေ ဝေလာသည့်အချိန်တွင်မြစ်သားမြို့ မြို့မစျေးအတွင်းရှိပန်းများရောင်းချလျက်ရှိသောဖောက်သယ်များက ချိုးယူရောင်းချကာအပင်တစ်ခတ်လျှင်(၅)ကျပ်ဖြစ်ပြီး အပင်ရေ (၁၀၀)ကို တစ်ထောင်ကျပ်ဖြင့် တစ်နေ့လျှင် ပုံမှန်ဝင်ငွေ (၂၀၀၀ဝိ/-)ဖိုးခန့်ထိရရှိသောကြောင့် မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ကင်းစိန်စျေးကျေးရွာနေ ရေမွှေးပန်းစိုက်ပျိုးသူ တောင်သူ ဦးမြင့်ဆွေထံမှ သိရသည်။
သီတာအောင်(မြစ်သား)