ကလောမြို့၌ မိုးအဆက်မပြက်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ချောင်းရေလျှံမှုဖြစ်ပွား

ကလော စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကလောချောင်းရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးအဆက်မပြက်ရွာသွန်းပြီး ကလောချောင်းရေလျှံမှုကြောင့် ကလောမြို့ပေါ်ရှိ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်ချောင်းဘေးတို့တွင် နေထိုင်သည့် ဒေသခံပြည်သူများ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတို့တွင် ချောင်းရေများ ဝင်ရောက်လျက်ရှိကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောမြို့ ပြည်ထောင်စုလမ်းမကြီးတို့တွင် သစ်ပင်များလဲကျခြင်း၊ ဓာတ်တိုင်များ လဲကျခြင်းများဖြစ်ပွားလျက်ရှိပြီ လျှပ်စစ်ဝန်ထမ်းများကအမြန်ဆုံး ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလောမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)