မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၌ အခြေခံ‌‌မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့က မှော်ဘီမြို့နယ်၊‌ ညောင်ကုန်းကျေးရွာအုပ်စုတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်‌ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက ဌာန၏လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုး‌‌ကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည့်အစီအစဉ်များ၊ လုပ်ငန်းထူထောင်မည့်သူများရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်း ထူထောင်မည့်သူများကိုသာရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 အဆိုပါသင်တန်းတွင် အခြေခံ‌မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို (၁)လကြာ စာတွေ့(၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၁၅)ဦး တက်ရောက်ခဲ့ကြသလိုသင်တန်းဖွင့်ပွဲသို့ မှော်ဘီခရိုင်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်‌ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း၊‌ မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုး‌ကျော်သူ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းလုပ်ငန်းအ‌ ကောင်အထည်‌ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်သင်တန်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)