ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေပေးအပ်

ရန်ကုန် စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာဘရူဝါရီလီမိတက်မှ အာမခံအလုပ်သမား ဦးကျော်စိုးထွန်း၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေထုတ်ပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခဲ့သည့် ဦးကျော်စိုးထွန်း၏ ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေကျပ် ၇၂၆၀၀၀၀ ကို သေဆုံးသူ၏ဇနီး ဒေါ်ဝေဝေလှိုင်ထံသို့ အလုပ်ဌာနမှတာဝန်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ မိသားစုဝင်များ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)