ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ဗန်မော်တင်အောင်ရေးသားသည့် “ငဩ’’ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေးနိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စာရေးဆရာမ ဇင်(တက္ကသိုလ်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)၊ စာရေးဆရာ မောင်ကျော်စော၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)၊ စာ‌ရေးဆရာ သဘာဝ၊ စာရေးဆရာ ဟန်ညွှန့်(ယဉ်ကျေးမှု)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဗန်မော်တင်အောင်ရေးသားသည့် ‘’ငဩ’’ စာအုပ်အားဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို သုံးသပ်ဆွေးနွေးခဲ့ပြီး စာရေးသူ၏ ခံစား‌ရေးသားခဲ့မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)