သံဖြူဇရပ်မြို့အလက(ခွဲ)ကြာကန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်

သံဖြူဇရပ် စက်တင်ဘာ ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ)ကြာကန်ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြ‌သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ဘဝအောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကိုလေ့လာဖတ်ရှုကြစေရေး၊ ကျောင်းစာကြည့်တိုက်များကို အသုံးပြုပြီးအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး/ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟော‌ပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများ၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ၊ ယာဥ်အန္တရာယ်လမ်း၊ အန္တရာယ်ကင်းရှင်းရေးစသည့် အသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)