အရန်မီးသတ်တပ်ဖွဲ့နှင့် အလှူရှင်များက (၁၆၈)ကြိမ်မြောက် ဘုံဆွမ်းလောင်းလှူ

မန္တလေး စက်တင်ဘာ ၁၀

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉လမ်း၊ × လမ်းကြားရှိ ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံးရှေ့တွင်  မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ ()တပ်ခွဲမှူး မောင်မောင်()ဇော်ဝင်းအောင်၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့၊ တပ်စုမှူး တင်မောင်ဆန်း နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် စေတနာရှင်၊ အလှူရှင်များပူးပေါင်း၍ ရပ်ကွက်အတွင်း လေးပြင်လေးရပ်မှ ဆွမ်းခံကြွရောက်လာသော ရဟန်း၊ သံဃာအပါး ၁၄၅ ပါးကျော်အား  ဆွမ်း၊ ကြက်သား၊ အာလူး၊ ကုလားပဲချက်၊ ငါးလေးခြောက်၊ ငရုပ်သီးကြော်၊ ပဲတီချဉ်သုပ်စသည့် ဆွမ်း၊ ဆွမ်းဟင်းများဖြင့် (၁၆၈)အကြိမ်မြောက်အဖြစ် ဘုံဆွမ်းလောင်းလှူဒါန်းကြကြောင်း သိရသည်။

မြင့်မော်ထွန်း (အောင်စံ၊ပြန်/ဆက်)