ပုဗ္ဗသီရိ စက်တင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၅၂၂)နှင့် (၁၅၂၄)တို့၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထက်အောင်ကျော်၊ မြို့နယ်ရေအရင်းအမြစ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဇော်လတ်ပါ သုံးဦးနှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်သန်းတို့က ဇီးကုန်းအုပ်စု ကွင်းအမှတ်(၁၅၂၂)နှင့် (၁၅၂၄)ကွင်းအတွင်းရှိ ဆောင်းသီးနှံ စိုက်ပျိုး၍ မရရှိနိုင်သော လယ်ယာမြေများအား ရေသွင်း၍ ဆောင်းသီးနှံ နေကြာများ စိုက်ပျိုးရရှိနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ဆောင်းသီးနှံ စိုက်ပျိုးမှုအတွက် မျိုးလိုအပ်ချက် စာရင်းပြုစု၍ တောင်သူများ မျိုးကောင်းမျိုးသန့်ရရှိစေရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)