မိုးနဲမြို့ အ.လ.က(မြို့မ)ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုးနဲ  စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်သာမက ကျောင်းပတ်ဝန်းကျင်တွင်လည်း ပလတ်စတစ်စွန့်ပစ်အမှိုက်များကို စည်းကမ်းမဲ့မစွန်ပစ်ဘဲ စနစ်တကျ စွန့်ပစ်တတ်သော အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ “ထိန်းသိမ်းအစဉ် တို့ကျောင်းဝန်းကျင်”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစုံညီပွဲတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)