ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကျော်မိုးကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ပါ သိမှတ်ဖွယ်ရာများနှင့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောင်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်ထံမှ ရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)