ဒေါပုံ စက်တင်ဘာ ၁၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယူနီဖောင်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးစိုးမိုးအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းနေဝင်းတို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယူနီဖောင်းများပေးအပ်ခဲ့ကြရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသားများအား မီးအတန်းအစားခွဲခြားခြင်းပညာရပ်များ၊ မီးသတ်စက်များဖြင့် လေ့ကျင့်ခြင်း၊ မီးခိုးနှင့် အမှောင်ထုအတွင်း သွားလာလှုပ်ရှားခြင်းပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်များဖြစ်သည့် အခြေခံကြိုးချည်နည်း၊ အသက်ရှူကိရိယာအသုံးပြုနည်းနှင့် လူနာသယ်ယူရွေ့ပြောင်းနည်း စသည့်ပညာရပ်များကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၉.၉.၂၀၂၄) ရက်နေ့မှ (၄.၁၀.၂၀၂၄) ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းသို့ ဒေါပုံမြို့နယ်အတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)