မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/ စာရင်းကောက်များ တွေ့ဆုံပွဲကျင်းပ

မင်္ဂလာတောင်ညွန့် စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်မြို့ နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/ စာရင်းကောက်များ တွေ့ဆုံပွဲကို စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်းက သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းအောင်မြင်စွာ ‌ကောက်ယူနိုင်ရေး၊ စာရင်းမှန်ကန်မှုရရှိစေရေးတို့အတွက် စာရင်းကောက်‌ယူခြင်း လုပ်ငန်းများအား စနစ်တကျလုပ်ဆောင်ကြရန် ပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်​ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​မောင်​မောင်က ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူရမည့်ပုံစံများ စသည့်အကြောင်းအရာများကို power point ဖြင့် အသိပညာပေးရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သန်းခေါင်စာရင်းဆိုင်ရာများနှင့် ပတ်သက်၍ မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/စာရင်းကောက်များ တွေ့ဆုံပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ စာရင်းစစ်/ စာရင်းကောက်များ တက်ရောက်ခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)