ပြင်ဦးလွင် စက်တင်ဘာ ၉
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဟိုလိပ် အ.ထ.က (ခွဲ)တွင် ကျင်းပရာ ရှေးဦးစွာ ဟိုလိပ်အ.ထ.က(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးကီးဟုန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက “အနာဂတ်ကိုပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောချက်များနှင့် ပတ်သတ်၍ ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္ဌ၊ ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ခရိုင်အလုပ်အမှုဆောင် ဦးဇော်မြင့်က အမှတ်တ ရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ဟိုလိပ် အ.ထ.က(ခွဲ)မှ ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသ ပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာစောင်များ ခင်းကျင်းပြသပေးသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ (၂၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)