တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာတွင် ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးကျောင်း သင်တန်းအမှတ်စဉ် (၃) ဖွင့်လှစ်

တွံတေး စက်တင်ဘာလ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ သစ်တောဦးစီးဌာန တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာတွင် ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးကျောင်း သင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဘုရားကြီးကျေးရွာ၊ သစ်တောကင်းစခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ တွံတေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းအာကာမှ အဖွင့်အမှာစကားပြောကြားပြီး ဝါးသင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်၊ ဝါးပင်များ၏ တန်ဖိုးရှိပုံနှင့် အကျိုးကျေးဇူးများ၊ ဝါးပင်များမှ ပေးစွမ်းနိုင်သည့် ထုတ်ကုန်များ ဝါးလက်မှုပစ္စည်းပြုလုပ်ပုံအဆင့်ဆင့်၊ ပြည်တွင်းဈေးကွက်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် သင်တန်း ဆရာ/ဆရာမများဖြစ်သော ဦးခင်မောင်ဦး၊ ဦးသိန်းစိုး၊ ဒေါ်ခင်သန္တာကြူတို့မှ ဝါးလက်မှုပစ္စည်းပြုလုပ်ပုံအဆင့်များ၊ မီးဖိုချောင်သုံးပစ္စည်းများမှ ဝါးရွက်၊ သစ်ရွက်များဖြင့် အဝတ်အထည်များပေါ်သို့ ဆေးဆိုးပန်းရိုက်အလှဆင်နည်းများ သင်ကြားမည်ဖြစ်ကြောင်း သင်တန်းကာလမှာ စက်တင်ဘာ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သစ်တောဦးစီးဌာနမှူး ဦးထွန်းအာကာနှင့် ဝန်ထမ်းများ၊ နည်းပြဆရာ၊ ဆရာမ (၃) ဦးနှင့် သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးသား