တံတား စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေးများ၏ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ စာဖတ်စွမ်းရည်တိုးတက်မြင့်မားလာစေရန်၊ မိမိကိုယ်ကိုရှုမြင်သုံးသပ်မှုဉာဏ်ရည်အားကောင်းလာစေရန်၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားတက်စေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့် အတွေ့အကြုံနှင့်လေ့ကျင့်မှုရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ၎င်းတို့၏ စာဖတ်နိုင်စွမ်းနှင့်လျော်ညီသည့် စာအုပ်များကို ကိုယ်တိုင်ဖတ်ပြစေခြင်း၊ အပြန်အလှန်ဝေဖန်သုံးသပ်စေခြင်းများပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ(၁၅)ဦးတို့ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)