မိုင်းတုံ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍ သဘာဝဘေးကြိုတင်စုဖွဲ့မှုများ ဖွဲ့စည်း၍ လက်တွေ့ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းဆောင်ရွက်မှုသည် သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့ပါက အပျက်အစီးများနည်းသည့်အပြင် ဆုံးရူံးပျက်စီးမှုပါပပျောက်စေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလွင်မိုး+၂၀ ဦး၊ ခလရ (၅၁၉) ဗိုလ်ကြီးရှိန်းထက်ကို+၃၂ ဦး၊ မြို့နယ်မှ ရဲအုပ်မြတ်ကျော်သူ+၃ ဦး၊ မြို့နယ်မီးသတ်မှ မြို့နယ်ဦးစီး ဦးစိုင်းမင်းမင်းထွေး+၂၁ ဦး၊ မြို့နယ်ကြက်ခြေနီမှ ဦးကျော်ဇင်လတ်+ ၁၀ ဦး စုစုပေါင်းအင်အား (၉၁) ဦးဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေရှိသည့်နေရာများတွင် ကြိုတင်၍ ပြင်ဆင်ကာကွယ်ရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင် (မိုင်းတုံ၊ ပြန်/ဆက်)