ရမည်းသင်းမြို့(မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရမည်းသင်း  စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်း သားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့မအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး‌ဦး‌အောင်အောင်ဦးက အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမိုရရှိစေပြီးတစ်ဦးနှင့်တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်းရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး မြို့မအခြေခံအထက်တန်းကျောင်း Grade-9 ကျောင်းသူ မအိမ့်သူချစ်မှ လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးများနှင့် လူငယ်တွေ စာဖတ်ဖို့လိုပါတယ်၊ နည်းပညာခေတ်ကြီးမှာ စာပေဟာအရေးကြီးကာ၊ ဘဝလမ်းကြောင်းမှန်ကန်ဖို့အတွက် စာဖတ်ပါက တိုးတက်မှုများရရှိကြောင်းကိုလည်းကောင်း၊ ‌Grade-9 ကျောင်းသား မောင်သန်းထိုက်ဝင်းမှ လူငယ်နှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့် ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာရေးညီညွတ်မျှတစေရန် နေထိုင်နည်းကိုလည်းကောင်း၊ Grade-9 ကျောင်းသူ မမြယွန်းဘုန်မှ လူငယ်နှင့် ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့်  ဆိုရှယ်မီဒီယာကောင်းကျိုးများဖြစ်သည့်အချိန်နှင့်တပြေးညီ သတင်းအချက်လက်များသိရှိရပြီး ဆိုးကျိုးများအနေဖြင့် လူမှုကွန်ယှက်ဖြင့် လမ်းမှားရောက်ရှိနေမှုများကိုလည်းကောင်း၊ Grade-9 ကျောင်းသား မောင်နောင်ထွန်းလွင်မှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ယဉ်ကျေးလိမ္မာစေရန်နှင့် ငါးပါးသီလ စောင့်ထိန်းရေး၊ စာရိတ္တကောင်းမွန်သူဟာလူတစ်ယောက်ရဲ့ အောင်မြင်မှုလမ်းကြောင်းကိုလည်းကောင်းအသီးသီးဦးဆောင်‌ဆွေးနွေးကြရာ တက်ရောက်လာသည့် Grade-9/8 ကျောင်းသား၊ ကျောင်းသူများမှ ဦးဆောင်ဆွေးနွေးသူများ၏ ခေါင်းစဉ်များမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူများမှ ရှင်းလင်းဖြေကြားပြီး ဦးစီးအရာရှိဒေါ်သန္တလင်းက ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို မြို့မအခြေခံပညာ အထက်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၃၀)ဦးတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ် သမားပပျောက်ရေးနှင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေလေ့လာစို့ အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ် သားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)