ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ဖြင့် မိုးစပါး ၁၆၀ ဧကစိုက်ပျိုး

ညောင်ဦး စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးလျပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါး ၁၆၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါး စိုက်ပျိုးရန် ဇွန်လတွင် ပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဇူလိုင်လဆန်းပိုင်းက စတင်၍ ပျိုးပင်များ လယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဆင်းသုခ၊ မနောသုခ၊ YSR စပါးမျိုးများကို တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများကပြော ရှင်းပြ၍ သိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံ ရိတ်သိမ်းပြီးချိန်အထိ တစ်ဧက စိုက်ပျိုးရေသွင်းစရိတ် ၆၀၀၀ ကျပ်ပေးသွင်းရပြီး၊နွေစ ပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ကျပ် ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ်ပေးသွင်းရကြောင်း သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးများ အထွက်နှုန်း ပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်း တန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မအောက်သာ ရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧက သွင်းဈေးလည်းတန်လွန်းကြောင်း မိုးစပါးစိုက်တောင်သူများက ရှင်းပြသည်။ မိုးစပါး စိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့် စိုက်ဧက ပြတ်စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက် တောင်သူများက ရှင်းပြ၍ သိရကာ ကျောက်ကူးမြစ်ရေတင်ဖြင့် မိုးစပါး ၁၆၀ ဧကစိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း