လင်းခေး စက်တင်ဘာ ၉
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီက လင်းခေးမြို့နယ် မီးသတ်စခန်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားရာ ယခုလိုဖွဲ့စည်းထားသော အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ နည်းစနစ်မှန် အချိတ်အဆက်မိမိ ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နိုင်စေရန် ယခုကဲ့သို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းများ သင်ကြားလေ့ကျင့်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြို့ဆောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လွင်တို့က သင်တန်းသား (၅၀)ဦးအား ဝတ်စုံများပေးအပ်ပြီး (မွမ်းမံ)သင်တန်းအား ၉.၉.၂၀၂၄ မှ ၄.၁၀.၂၀၂၄ အထိ ရက်သတ္တပတ် (၄) ပတ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)