ကျိုင်းတုံ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၅/၂၀၂၄) သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် အမှတ် (၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ က ပေးအပ်သည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အားကစားပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။ အဆိုပါသင်တန်းတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၃၅၇) ဦး တက်ရောက်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)