ကမာရွတ်မြို့နယ်တွင် ၂၀၂၄ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က အ.ထ.က (လေ့ကျင့်ရေး) ကမာရွတ်ပညာဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ ယူနက်စကို ညွန်ကြား​ရေးမှူးချုပ်၏ သဝဏ်လွှာကို ရန်ကုန်တိုင်း​ဒေသကြီး ပညာ​ရေးမှူးရုံးမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာချိုချိုမြတ်​အောင်က ဖတ်ကြားပြီး စာတတ်မြောက်ရေးလုပ်ငန်းများ​ ဆောင်ရွက်မှုမှတ်တမ်း Video Clip အား ပြသခဲ့သည်။

ထို့နောက် စာတတ်မြောက်ရေးနေ့ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလည်း​ကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူမျာကို ရန်ကုန်တိုင်းစည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌ မြို့​တော်ဝန်မှလည်ကောင်း ဂုဏ်ပြုဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆို​ပေးခဲ့ကြ​သော ​ကျောင်းသား​၊ ကျောင်းသူများကို ဂုဏ်ပြု​ငွေများ​ပေးအပ်ကာ ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတ်​မြောက်​ရေး​နေ့ အခမ်းအနားတွင် ခင်းကျင်းပြသထားသော နံရံကပ်ပြဘုတ်များနှင့် စာအုပ်စာ​စောင်များကို လှည်လည်ကြည့်ရူခဲ့ကြသည်။

မြို့နယ် (ပြန်ဆက်)