မိုင်းပန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းပန် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြန်လည်ပြုပြင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြတ်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းနိုင်တို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ခဲ့ပြီး အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)