ဒဂုံအရှေ့ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လှမိုးအောင်(အညာမြေ) စမတ်ကျကျစိတ်အပေါက်ဖာသည့်နေ့ ကဗျာရွတ်ဆိုပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားမှူးက လှမိုးအောင်(အညာမြေ)၏ ကိုယ်ရေးအကျဥ်းအား ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာရေးဆရာ၊ ဆရာမများက ကဗျာများရွတ်ဆိုခဲ့ကြရာ လှမိုးအောင်(အညာမြေ)က ဆုရရှိသူများကို အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ လှမိုးအောင်(အညာမြေ)က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ကိုယ်တိုင်ရေးစာအုပ်များ လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက် (ပြန်/ဆက်)