ပင်းတယမြို့နယ်၌ "လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ " သင်တန်း သင်ကြားပေးလျက်ရှိ

ပင်းတယ စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ လယ်ပြင်ကျေးရွာ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‌ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း" ကို သင်ကြားပေးနေကြောင်း သိရသည်။

ကျေးလက်နေပြည်သူများအား အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတို့အတွက် မိမိတို့ဌာနမှသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးနေကြောင်း၊ ယခုဖွင့်လှစ်သင်ကြားပေးသည့် " လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ " သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီ၊ မှန်ကြည်ဆေးရည်၊ ကိုယ်တိုက်ဆပ်ပြာဆီခဲ၊ ခေါင်းလျှော်ရည်ပြုလုပ်နည်းများကို ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းတွင် သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၁၅)ဦး တက်ရောက်သင်ကြားနေပြီး၊ သင်တန်းကာလမှာ စက်တင်ဘာလ (၇) ရက်နေ့မှ (၁၃) ရက်နေ့ထိဖြစ်ကြောင်း ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်ထံမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)