ကျိုင်းတုံ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် အမှုစစ်(အရာရှိ) (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီးအေးသိန်းက ပြစ်မှုကျူးလွန်သူများကိုထိုက်သင့်သည့် ပြစ်ဒဏ်များရရှိစေရန်၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေးဖော်ထုတ်တတ်စေရန်၊ အရည်အချင်းပြည့်ဝသည့် အမှုစစ်အရာရှိများဖြစ်စေရန် သင်တန်းသားများအနေဖြင့် သင်တန်းကပို့ချသည့် ဘာသာရပ်များကို မြေပြင်မှာအမှန်တကယ်လက်တွေ့လုပ်ဆောင်နိုင်အောင်၊ ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရန်နှင့် ရဲလုပ်ငန်းတာဝန်များဆောင်ရွက်သည့်နေရာမှာ ပိုမိုအောင်မြင်အောင်ဂရုတစိုက် လိုက်နာသင်ယူသွားကြရန် အမှာစကားပြောကြားသည်။
သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အရာရှိရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး စက်တင်ဘာဘာ ၉ ရက်မှ ၂၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)