မိုးနဲမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

မိုးနဲ စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း မြရတနာ‌ဆောင်တွင် ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပပြုလုပ်ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ ၁၀ ဦး၊ အလယ်တန်းအဆင့်တွင် ၇ ဦးနှင့် ကဗျာအထက်တန်းအဆင့်တွင် ကျောင်းသား/သူ ၅ ဦး၊ အလယ်တန်းအဆင့်တွင် ၇ ဦးတို့က သတ်မှတ်ခေါင်းစဉ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို အခြေခံပညာအထက်တန်း‌ကျောင်း တာဝန်ခံကျောင်အုပ်ဆရာမကြီး ဒေါ်သီသီထွန်းနှင့် ဆရာ/ဆရာမများက ကြီးကြပ်ခဲ့ပြီး မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို ချီးကျူးဂုဏ်ပြုထုတ်ဖော်တတ်စေရန်၊ ဆရာများ၏ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)